Tuesday, September 20, 2011

Burmese Community SF protest to stop Chinese Dam Project



 ဆန်ဖရန်ဘေးဧရိယာမြန်မာအရေးလှုပ်ရှားသူများ တရုတ်ကောင်စစ်ဝန်ရုံးကို ဆန္ဒပြ
မိုးမခဓာတ်ပုံသတင်း၊ စက်တင်ဘာ ၂၀၊ ၂၀၁၁
ယမန်နေ့ နေ့ခင်းက ဆန်ဖရန်စစ္စကိုဘေးဧရိယာနေ မြန်မာ့အရေးလှုပ်ရှားသူများ စုဝေးကြပြီး တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြပွဲ ကျင်းပခဲ့သည်။ လူဦးရေ ၅၀ ခန့်တက်ရောက်ပြီး မြန်မာပြည်၏ သဘာ၀၀န်းကျင်၊ တိုင်းရင်းသားတို့၏ အသက်အိုးအိမ်၊ မြန်မာတပြည်လုံး၏ အသက်သွေးကြော ဧရာဝတီမြစ်ကို ထိခိုက်ပျက်စီးစေသည့် တရုတ်ရေကာတာများ ဆောက်လုပ်နေမှုကို ရပ်တန့်ရန် ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ 





 မြန်မာပြည်တွင်းရှိ ပြည်သူတရပ်လုံး၏ ဆန္ဒနှင့် ထပ်တူ ဧရာဝတီမြစ်ကြီးကို ကာကွယ်စောင့်ရှောက်ရန်၊ လက်ရှိမြန်မာအစိုးရ၏ အာဏာအလွဲသုံးသူများနှင့် ပူးပေါင်းပြီး လက်ဝါးကြီးအုပ် စီးပွားရေးနှင့် သဘာ၀၀န်းကျင်ကို အမြတ်ထုတ် ချယ်လှယ်နေသော တရုတ်အာဏာပိုင်တို့၏ လုပ်ငန်းများ ရပ်တန့်ရန် တောင်းဆိုသော သဘောထားများ ထုတ်ဖော်ခဲ့ကြသည်ကို တွေ့ရသည်။
 




တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ကြွေးကြော်နေသော၊ မြန်မာနိုင်ငံတော်သီချင်းသီဆိုနေသော မြန်မာ့အရေးလှုပ်ရှားသူများကို သည်ဗီဒီယိုမှာ ကြည့်နိုင်သည်။