Sunday, December 18, 2011

Save Irrawaddy SF stands with Kachin at Charity Event

“ဒီနေ့မှာ ဒို့တွေအားလုံး ကချင်တိုင်းရင်းသားတွေဖြစ်တယ်”
ကချင်ဒုက္ခသည်များကူညီထောက်ပံ့နိုင်ရေး ဈေးရောင်းပွဲ၊ ဆန်ဖရန်ဘေးဧရိယာတွင် ကျင်းပ
မိုးမခ၊ ဓာတ်ပုံသတင်း၊ ဒီဇင်ဘာ ၁၈၊ ၂၀၁၁
ကချင်တိုင်းရင်းသား ဘာသာရေး၊ လူမှုရေးနှင့် နိုင်ငံရေးအဖွဲ့များဖြစ်တဲ့ (San Francisco Kachin Baptist Church, Kachin Heritage Organization, Free Kachin Campaign) ဦးစီးကျင်းပတဲ့ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည် ကချင်တိုင်းရင်းသားများ ကူညီထောက်ပံ့အားပေးရေး၊ ကချင်တိုင်းရင်းသားအရေးတို့ မြန်မာတိုင်းရင်းသားအပေါင်း ပိုမိုနားလည် စာနာရေး ပြပွဲနဲ့ ရန်ပုံငွေ ဈေးရောင်းပွဲကို ယမန်နေ့က (ဒီဇင်ဘာ ၁၇၊ စနေနေ့) ဒေလီးစီးတီး၊ Little Theater ခန်းမမှာ ကျင်းပခဲ့ပါတယ်။
 ပွဲတော်ကို မြန်မာကွန်မြူနီတီအသင်းအဖွဲ့များ မိသားစုများနဲ့အတူ Save Irrawaddy SF Campaign Committee ကလည်း မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများ ရောင်းချလှူဒါန်းခဲ့ကြပါတယ်။ စားသောက်ဆိုင်ခန်း ၂၅ ဆိုင်ခန့်နဲ့ ပြခန်းများအပြင် ဟောပြောပွဲ၊ ဖျော်ဖြေပွဲ အခမ်းအနားများနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ဧည့်ပရိသတ် ၃၀၀ ကျော် တက်ရောက်အားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ရန်ပုံငွေပွဲတော်ဝင်ပေါက်မှာ “We are all Kachin, today” – ဒီနေ့မှာ ဒို့တွေအားလုံး ကချင်တိုင်းရင်းသားတွေ ဖြစ်တယ်” လို့ စာတမ်းက ချိတ်ဆွဲပြီး ကြိုဆိုနေကိုလည်း တွေ့ရပါတယ်။
အခမ်းအနားမှာ အဖွင့်ဆုတောင်းစကားကို Rev. Lahpai Zauya က၎င်း၊ အဖွင့်ကြိုဆိုမိန့်ခွန်းကို Hpt. Duwa Luksing Zau Aung က၎င်း၊ ကချင်လွတ်မြောက်ရေးလှုပ်ရှားမှုများကို Duwa Howa Jala က၎င်း၊ Presentation များကို Naw San Lashi Labya က၎င်း ဆောင်ရွက်ခဲ့ကြတာကို တွေ့ရပါတယ်။ ကချင်တိုင်းရင်းသားတို့ရဲ့ မျက်မှောက်ခံစားချက်များကို ဝေမျှတဲ့ “Hearing the cries, Sharing the pains and Acting in Hope” ခေါင်းစဉ်နဲ့ ဟောပြောမှုကို Rev. Dr. Naw San Dee က တင်ဆက်ခဲ့ပါတယ်။ အခမ်းအနားအစီအစဉ်များကို Gun Nawng နဲ့ Hom De San တို့က ဆောင်ရွက်ခဲ့ကြပါတယ်။
ကချင်တိုင်းရင်းသားအကများ၊ သီချင်းများအပြင် ကရင်တိုင်းရင်းသားအကမျာ၊ မြန်မာစတီရီယို သီချင်းများ၊ အနောက်တိုင်းခေတ်ပေါ်အကများနဲအလည်း ပရိသတ်ကို ဖျော်ဖြေခဲ့ပါတယ်။ ရန်ပုံငွေပွဲတော် နိဂုံးချုပ်မှာတော့ ကချင်တိုင်းရင်းသားများနဲ့အတူ မြန်မာတိုင်းရင်းသားပေါင်းစုံ လက်တွဲပြီးတော့ ကချင်ရိုးရာ စုပေါင်း မနောက နဲ့ အောင်မြင်စွာ ရုတ်သိမ်းနိုင်ခဲ့ပါတယ်။
ကချင်တိုင်းရင်းသားများသာမက မြန်မာတိုင်းရင်းသားပေါင်းစုံအားလုံး ညီညွတ်တဲ့ စာနာနားလည်တဲ့ စိတ်ဓာတ်တွေနဲ့ လက်တွဲပြီး ၂၀၁၂ နှစ်သစ်ကို ကြိုဆိုလိုက်ကြတဲ့ ပြည်ထောင်စုပွဲတော်လေးတခုလို့ ဆိုနိုင်မယ် ထင်ပါတယ်။

Thursday, December 15, 2011

Signature Campaign No 1 of Save Irrawaddy SF

Monday, December 5, 2011

Help & Support Kachin Refugees by Attending Fund Raising Event


ကချင်ဒုက္ခသည်များကူညီရေး ရန်ပုံငွေ ဈေးရောင်းပွဲ - 
ကချင်၊ မြန်မာတိုင်းရင်းသားပေါင်းစုံ၏ ရိုးရာစားသောက်ဖွယ်ရာဆိုင်များ
လာမယ့် ဒီဇင်ဘာ ၁၇၊ စနေနေ့၊ ဆန်ဖရန်ဘေးဧရိယာ၊ ဒေးလီးစီတီး၊ Little Theater, Gallery Hall မှာ နေ့ခင်း ၁ နာရီက ၅ နာရီအတွင်း ကျင်းပမယ့် မြန်မာပြည်က ကချင်ဒုက္ခသည်များ ကူညီရေး ရန်ပုံငွေ ဈေးရောင်းပွဲနဲ့ ပြည်တွင်းငြိမ်းချမ်းရေးပြပွဲက  စားသောက်ဖွယ်များ ရောင်းချပြီး လှူဒါန်းကူညီမယ့် စေတနာရှင်ဆိုင်အလှူရှင်များ
1.    ကြက်သားဒန်ပေါက် (Save Irrawaddy SF committee)
2.    အုန်းနို့ခေါက်ဆွဲ (ဦးအေးကိုကို၊ ဇနီး ဒေါ်ဝင်းဝါဦး၊ ဒေါ်ဝင်းမာဦး)
3.    စမူဆာသုတ် (မအိပပ၊ မအေးအေးအောင်)
4.    ခေါက်ဆွဲသုတ် (ကိုအောင်မင်း၊ မစန္ဒာ)
5.    ငှက်ပျောသီးရေခဲမုန့်  (စေတနာရှင်များ)
6.    မုန့်ဖက်ထုပ်
7.    သဘောင်္သီးသုတ် (Maran Htu Seng)
8.    ဆီချက်ခေါက်ဆွဲ  (Bawk Mai Than)
9.    အမဲအူပြုတ်နဲ့ ၀က်သားဒုတ်ထိုး (Sarama Ja Seng)
10.တို့ဖူးသုတ် (Deborah)
11.ပုစွန်ခွက်ကြော် (Sarama Htu Nan, Lu Tawng and Kitchen Group)
12.ရှမ်းခေါက်ဆွဲ၊ မြီးရှည် (Sarama Htu Nan, Lu Tawng and Kitchen Group)
13.ကြေးအိုး (Sarama Htu Nan, Lu Tawng and Kitchen Group)
14.ကြာဇံဟင်းခါး (Sarama Htu Nan, Lu Tawng and Kitchen Group)
15. မြန်မာလဘက်ရည် (Saw Khin Hlaing & Mary Chaung)
16. မုန့်ဟင်းခါး၊ ဗူးသီးကြော် (ဒေါ်ခင်ကြည်)
17. ပန်းသေးခေါက်ဆွဲ (Ko Charles & Ma Salina Chu Family)
Sponsored by:
San Francisco Kachin Baptist Church,
Kachin Heritage Organization,
Free Kachin Campaign,
Save Irrawaddy (San Francisco),
Burmese Communities in San Francisco Bay Area.
Contact Persons: Brang (510-4109447), Zarke (415-6720787)
For donation, check can be sent to address below and made payable to “San Francisco Kachin Baptist Church“ 
San Francisco Kachin Baptist Church,3534 Lakeshore Ave,Oakland, CA 94610

Wednesday, November 30, 2011

Helping Kachin Refugee - Fund Raising Pwe

ကချင်ဒုက္ခသည်များကူညီရေး ဆန်ဖရန်ဘေးဧရိယာ မြန်မာတိုင်းရင်းသားတို့ ရန်ပုံငွေဈေးရောင်းမည်
မိုးမခအထောက်တော် ၀၀၂၊ ဒီဇင်ဘာ ၁၊ ၂၀၁၁
ဆန်ဖရန်ဘေးဧရိယာတွင် မှီတင်းနေထိုင်ကြတဲ့ ကချင်တိုင်းရင်းသား ကွန်မြူနီတီနဲ့အတူ မြန်မာတိုင်းရင်းသားစုံ၊ ဘာသာပေါင်းစုံတို့ ၀ိုင်းဝန်းကြမယ့် မြန်မာပြည်က ကချင်ဒုက္ခသည်များကူညီရေး ဈေးရောင်းပွဲတော်ကို လာမယ့် ဒီဇင်ဘာ ၁၇၊ ၂၀၁၁၊ စနေနေ့၊ ဒေလီးစီတီးက မြန်မာများစုဝေးနေကြ Little Theater Community Centerက Gallery Hall မှာ ကျင်းပမယ့်အကြောင်း ကြားသိရပါတယ်။ (ဖိတ်စာက ဒီမှာပါ)
ကမကထလုပ်ကြတဲ့ ကချင်တိုင်းရင်းသားအဖွဲ့တွေကတော့ San Francisco Kachin Baptist Church, Kachin Heritage Organization, Free Kachin Campaign တို့ဖြစ်ကြပြီး ဆန်ဖရန်ဘေးဧရိယာက စိတ်ဝင်စားသူ မြန်မာကွန်မြူနီမိသားစုများ ၀ိုင်းဝန်းကြပါတယ်။ Save Irrawaddy SF လှုပ်ရှားမှုကို ဆောင်ရွက်နေတဲ့ မြန်မာတိုင်းရင်းသားများကလည်း ၀ိုင်းဝန်း လှုံဆော်လျက်ရှိတာကို တွေ့ရပါတယ်။
Save Irrawaddy SF က ကြက်သားဒန်ပေါက် ချက်ပြုတ်ပြီး ရောင်းချရန်ပုံငွေ ရှာမယ်လို့ ဆိုပြီး ဦးအေးကိုကိုမိသားစုက အုန်းနို့ခေါက်ဆွဲ၊ မအိပပနဲ့ မအေးအေးအောင်တို့က စမူဆာသုတ်၊ ကိုအောင်မင်း၊ မစန္ဒာတို့က ခေါက်ဆွဲသုတ်တို့ လာရောက် ရောင်းချပြီး ရန်ပုံငွေအလှူပြုလုပ်ကြမယ့်အကြောင်း ကြားသိရပါတယ်။ ကချင်တိုင်းရင်းသားများရဲ့ ရိုးရာစားသောက်ဖွယ်ရာဆိုင်များလည်း တည်ခင်းရောင်းချမယ်လို့ သိရပါတယ်။
ကချင်တိုင်းရင်းသားအဖွဲ့များအပြင် Save Irrawaddy SF က မိတ်ဆွေများကို ဆက်သွယ် ကူညီမှုများ စုံစမ်းမှုများ ပြုလုပ်နိုင်ပါတယ်လို့ သိရပါတယ်။ http://saveIrrawaddySF.blogspot.com 
၂၀၁၀ နှစ်ဆန်းမှာ ကြံ့ဖွံ့ပါတီဦးဆောင်တဲ့ ဦးသိန်းစိန်အစိုးရ မြန်မာပြည်မှာ အာဏာရပြီးနောက် ကချင်ပြည်နယ်မှာ ပြည်တွင်းစစ်ဖြစ်ပွားမှု ပိုမို ပြင်းထန်လာပါတယ်။ ကချင်တိုင်းရင်းသားတွေ ၂ သောင်း ကျော် (အောက်တိုဘာ ၂၇၊ ၂၀၁၁ Relief Action Network စာရင်းအရ) မိမိတို့အိမ်ယာတွေကို စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း အငြင်းပွားနေမှုများကြာင့်လည်း မြန်မာအစိုးရနဲ့ လုပ်ငန်းအကျိုးတူဆောင်ရွက်နေတဲ့ တရုတ်အစိုးရကြားမှာ ကချင်ပြည်နယ်သားတွေဟာ ပိတ်မိနေပြီး စစ်ပွဲတွေကြောင့် လူအများ သေကြေပျက်စီးခြင်း၊ လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရပါတယ်။ ယခု ကချင်ဒုက္ခသည်များ ကူညီရေး ရန်ပုံငွေဈေးရောင်းပွဲကတဆင့် ပြည်ပရောက် မြန်မာတိုင်းရင်းသားတွေရဲ့ ညီအကို မောင်နှမ မိသားစုစိတ်ဓာတ်တွေ၊ ယိုင်းပင်းကူညီမှုတွေကို တတ်နိုင်တဲ့နေရာကနေ ပြသထုတ်ဖော်ရာရောက်မှာ ဖြစ်ပါတယ်။
မကြာခင်က ထုတ်ပြန်ခဲ့တဲ့ Crimes in Northern Burma Report စာအုပ်ကို သည်မှာ ကြည့်ရှုနိုင်ပါတယ်။

Stop Shwe Gas Movement - Proest in SF

ရွှေဝက်စ်လိုင်းကန့်ကွက်ပွဲ ဆန်ဖရန်တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ကျင်းပ
မိုးမခအထောက်တော် ၀၀၂၊ ဒီဇင်ဘာ ၁၊ ၂၀၁၁
ယမန်နေ့ နိုဝင်ဘာ ၃၀၊ ဆန်ဖရန်စစ္စကိုမြို့၊ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ မြန်မာအရေးစိတ်ဝင်စားသူတို့စုဝေးကြပြီး တရုတ်ပြည်ယူနန်ပြည်ကို သွယ်တန်းနေတဲ့ ရခိုင်ကမ်းရိုးတန်းက ဓာတ်ငွေ့ပိုက်လိုင်းပရိုဂျက်၊ ရွှေဂက်စ်လုပ်ငန်းကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲ ကျင်းပခဲ့ပါတယ်။ Save Irrawaddy SF လှုပ်ရှားသူများ၊ BADA အဖွဲ့ဝင်များ၊ ကချင်တိုင်းရင်းသားများ၊ လူငယ်များ၊ မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူများက နေ့ခင်း ၁၂ နာရီကနေ ၁ နာရီအထိ ကြွေးကြော်သံများအပြင် တရုတ်အစိုးရကို မြန်မာပြည်သူများ၊ တိုင်းရင်းသားများရဲ့ အရေးကို ထည့်သွင်းစဉ်းစားရန်၊ တိုက်တွန်းပြောဆိုဟောပြောခဲ့ကြပါတယ်။ 
 

Tuesday, November 29, 2011

Protest Call on 30th Nov 2011 - SF Chinese Consulate

China's Policies, Burma's Miseries
Protest At the Chinese Consulate
Cancel all
Dam's constructions for China in Burma!
STOP THE SHWE GAS PROJECT & CHINA’S TRANS-BURMA OIL AND GAS PIPELINES!
In solidarity with Shwe Gas movement  that calls for a Global Day of Action against China on Nov 30th, the Save Irrawaddy SF Campaign committee invites you to join the protest at the Chine consulate to demand the cancellation of all Chinese irresponsible, destructive and greedy mega projects in Burma.
Stop Chinese and Burmese regimes and greedy companies from looting and destroying the Burma's previous natural resources that belongs to the people!
When: Wednesday, November 30th, 2011; 11:30 am – 1 pm
Where: Chinese Consulate, 1450 Laguna Street, San Francisco
Why: While the world is buzzing with news that “Burma is changing,” construction of dual oil and gas pipelines across the country are speeding ahead amid human rights abuses and rising ethnic conflict.  The pipelines are proceeding without consent of the people and will export massive gas reserves that Burma’s ailing economy desperately need to neighboring China.

The broad groundswell of concern that recently forced President Thein Sein to announce the suspension of the Irrawaddy Myitsone dam highlights the growing concerns about natural resource extraction projects in Burma and provides an example of what can be done when people raise their voices.

O
ver the past few years, the Shwe Gas Movement has been documenting abuses associated with the China-bound pipelines, and calling for a STOP to the Shwe Gas Project. This year we want to make our voices heard louder than ever.  Please join us on November 30 for a Global Day of Action targeting governments of China and Burma with a coordinated action at their overseas embassies. 

In the last few years, the Shwe Gas Movement has held a Global Day of Action to highlight how  the Shwe Gas Project is threatening livelihoods and causing human rights abuses in Burma.  In our latest report, “Sold Out” we document how the dual gas and oil pipelines cutting from the Arakan coast through Shan state and Central Burma have caused disruption and abuses in the local communities and is proving to be risky business for the companies themselves.

While public excitement grew around the suspension of the Myitson dam, we were less optimistic about the government’s announced suspension given that much of the construction was already at a standstill and the fact that the dam would have flooded an area the size of Singapore. We see this not as a victory but an opportunity  to highlight the need for all of Burma’s natural resources to be harnessed for development. As you may know, many natural resource extraction projects remain like the US$ 29 billion Shwe Gas Project we are fighting against.

This year our message remains the same and is strengthened by the international focus on natural resource exploitation in Burma. We would like to request your solidarity during a Global Day of Action on 30 November 2011.

This year, on November 30th, we are launching a Global Day of Action we will come together with diverse actions, public mobilization, and targeted advocacy to pressure Shwe Gas Project consortium companies from China, India and Korea, and governments to STOP THE SHWE GAS PROJECT & CHINA’S TRANS-BURMA OIL AND GAS PIPELINES.

Monday, November 28, 2011

Save Irrawaddy SF to join protest call for Stop Shwe Gas Movement


 ရွှေ့ဂက်စ်ပိုက်လိုင်းပရောဂျက်ကို ကန့်ကွက်ကြရေး Save Irrawaddy SF လည်းပါဝင်မည်
မိုးမခအထောက်တော် ၀၀၂၊ နိုဝင်ဘာ ၂၉ ၊ ၂၀၁၁
လာမယ့် နိုဝင်ဘာ ၃၀၊ ဗုဒ္ဓဟူးနေ့ မှာ နိုင်ငံတကာလှုပ်ရှားမှုအဖြစ် ရခိုင်ကမ်းရိုးတန်းကနေ  မြန်မာပြည်ရဲ့ခါးလယ်ကိုဖြတ်ပြီး တရုတ်ပြည်ဆီကိုသွယ်တန်းမယ့် ရွှေ့ဂက်စ်ပရိုဂျက်ကို ဆန့်ကျင်ကန့်ကွက်ကြရန် Shwe Gas Movement က လှုံဆော်ထားပါတယ်။ (http://www.shwe.org/ )
            ယခင်တပတ်ကတည်းက လန်ဒန်နဲ့ တိုကျိုမြို့မှာ မြန်မာကွန်မြူနီတီက တရုတ်သံရုံး၊ မြန်မာသံရုံးတွေရှေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတာကို တွေ့ရပါတယ်။
            ရွှေဂက်စ်လှုပ်ရှားမှုအကြောင်း ဗီအိုအေသတင်းမှာ ကြည့်ရှုပါ။
            လာမည့် နိုဝင်ဘာ ၃၀၊ မွန်းတည့်ချိန်တွင် ဆန်ဖရန်စစ္စကို၊ ဂျပန်တောင်းအနီး တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ မြန်မာကွန်မြူနီတီတို့ စုဝေးဆန္ဒပြကြရန် ဆန်ဖရန်မြန်မာ့အရေးလှုပ်ရှားသူများက လှုံဆော်လျက်ရှိပြီး၊ Save Irrawaddy SF Movement က မြန်မာတို့ကလည်း ပါဝင်ဆန္ဒပြကန့်ကွက်ကြမည် ဖြစ်တယ်လို့ ဆိုပါတယ်။ (http://saveirrawaddysf.blogspot.com )
            တရုတ်ပြည်အစိုးရနဲ့ အာဏာပိုင်များ၊ လုပ်ငန်းရှင်များဟာ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး နဲ့ အထွေထွေလူမှုဘ၀မှာ လက်ဝါးကြီးအုပ် တဖက်သတ်အမြတ်ထုတ်နေတယ်၊ မြန်မာပြည်သူလူထုနဲ့ သဘာဝပတ်ဝန်းကျင်မှာ အကာအကွယ်နဲ့ စောင့်ရှောက်မှုကင်းမဲ့နေတယ်လို့ မြန်မာ့အရေးလှုပ်ရှားသူများက ဝေဖန်လျက်ရှိပါတယ်။ တရုတ်အစိုးရဲ့ စီမံကိန်းတခုဖြစ်တဲ့ မြစ်ဆုံရေကာတာလုပ်ငန်းကို ဒေါ်အောင်ဆန်းစကြည်အပါအ၀င် မြန်မာတမျိုးသားလုံးက ကန့်ကွက်ခဲ့ကြတာကြောင့် လက်ရှိမြန်မာအစိုးရက စက်တင်ဘာ ၃၀မှာ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းကို ခေတ္တရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Our Message to Irrawaddy Lovers of Burma - next steps and invites

DEAR ALL IRRAWADDY & BURMA LOVERS & CONCERNED CITIZENS

We have posted our balance sheet for the event of 19th Nov 2011
Total expenses and fund raised - 1600.00 US$
The remainder of fund US$ 45 will go towards coming KACHIN REFUGEE FUND RAISING EVENT ON 17TH DEC 2011 - LITTLE THEATER CENTER, DALY CITY
( MORE DONATION WELCOME TO RAISE FUND BY SELLING BURMESE DAN PAUK (100 DISHES ))
We have raised 100 US$ for Food Charity already. We are targeting more shops and more donors ...

http://saveirrawaddysf.blogspot.com/


1. (30TH Nov 2011, Wednesday, PROTEST CALL AT Chinese Consulate, SF Japan Town) We welcome your support and participation to stage the PROTEST IN FRONT OF CHINESE CONSULATE IN SF JAPAN TOWN AGAINST SHWE GAS PROJECT FOR CHINA ON 30TH NOV 2011 - NOON !!!!!

2. (17th Dec 2011, SatDay, KACHIN REFUGEE FUND RAISING EVENT, Daly City - Little Theater Center,)We will support the upcoming "Kachin Refugee Fund Raising Event" by sponsoring a food stall at the event.

3. (December Signature Campaign to totally stop Myit Son Dam)
We will do signature gathering from SF Bay Burmese Community to urge U Thein Sein's government to STOP totally of "Myit Son Dam" in Kachin State. We will send them to all authority and organizations concerned

Communty Forum Event (19th Nov 2011) Balance Sheet now posted

Save Irrawaddy SFရဲ့ ဧရာဝတီချစ်သူများဆွေးနွေးပွဲ ရုပ်သံမှတ်တမ်း နောက်ဆုံးပိုင်းထွက်

Save Irrawaddy SFရဲ့ ဧရာဝတီချစ်သူများဆွေးနွေးပွဲ ရုပ်သံမှတ်တမ်း နောက်ဆုံးပိုင်းထွက်
မိုးမခ၊ နိုဝင်ဘာ၂၇၊ ၂၀၁၁ (Save Irrawaddy SF Video Team)
နိုဝင်ဘာ ၁၉၊ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ စင်ထရယ်ဗီးလ်ကွန်မြူနီတီစင်တာမှာ ကျင်းပတဲ့ မြန်မာပြည်ရဲ့ ဧရာဝတီချစ်သူများဟောပြောပွဲနဲ့ ဆွေးနွေးပွဲက ရုပ်သံမှတ်တမ်း နောက်ဆုံးပိုင်းကို Save Irrawaddy SF လုပ်အားပေးများက အများပြည်သူတို့ ကြည့်နိုင်ဖို့ ဝေမျှလိုက်ပါတယ်။
ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ ဟောပြောအပြီးမှာ လှုပ်ရှားမှုစီစဉ်သူများနဲ့ တက်ရောက်လာရသူ ပရိသတ်များရဲ့ မေးခွန်းများကို ဖြေကြားတဲ့ အစီအစဉ်များ ကျင်းပပါတယ်။ ကိုမင်းဇင်၊ ကိုအောင်ဒင်နဲ့ ကိုအယ်လ်နော်ဆန်တို့က မေးမြန်းသည်များကို အကျယ်တ၀င့် ဖြေကြားသွားကြပါတယ်။
ဟောပြောပွဲနိဂုံးချူပ်မှာတော့ ပွဲစီစဉ်သူများကိုယ်စား ဒေါ်ဋ္ဌေးဋ္ဌေးကြည်က ကျေုးဇူးစကားပြောကြားပြီး၊ ဧည့်ပရိသတ်များထဲက ကချင်အရေးလှုပ်ရှားတက်ကြွသူ ကိုဇော်အောင်ကလည်း အမှတ်တရစကားပြောကြားခဲ့ပါတယ်။
လူငယ်များ၊ ကျောင်းသူ ကျောင်းသားများ၊ မြန်မာပြည်အရေး၊ အာရှအရေး၊ တရုတ်ပြည်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး စိတ်ဝင်စားသူများ နားထောင်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။

Save Irrawaddy SF ရဲ့ ဧရာဝတီချစ်သူများဆွေးနွေးပွဲ ရုပ်သံမှတ်တမ်း တတိယပိုင်းထွက်

Save Irrawaddy SF ရဲ့ ဧရာဝတီချစ်သူများဆွေးနွေးပွဲ ရုပ်သံမှတ်တမ်း တတိယပိုင်းထွက်
မိုးမခ၊ နိုဝင်ဘာ ၂၅၊ ၂၀၁၁ (Save Irrawaddy SF Video Team)
နိုဝင်ဘာ ၁၉၊ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ စင်ထရယ်ဗီးလ်ကွန်မြူနီတီစင်တာမှာ ကျင်းပတဲ့ မြန်မာပြည်ရဲ့ ဧရာဝတီချစ်သူများဟောပြောပွဲနဲ့ ဆွေးနွေးပွဲက ရုပ်သံမှတ်တမ်း တတိယပိုင်းကို Save Irrawaddy SF လုပ်အားပေးများက အများပြည်သူတို့ ကြည့်နိုင်ဖို့ ဝေမျှလိုက်ပါတယ်။

တတိယပိုင်းမှာ ဟောပြောသူများက ၀ါရှင်တန်ဒီစီအခြေစိုက် USCB အဖွဲ့ မြန်မာ့အရေးလှုပ်ရှားသူ ကိုအောင်ဒင်နဲ့ ကချင်တိုင်းရင်းသားကွန်မြူနီတီက လူငယ်ကိုယ်စားလှယ်တဦးဖြစ်တဲ့ L နော်ဆန် ဖြစ်ပါတယ်။ 
 US Campaign for Burma က ဒါရိုက်တာ ကိုအောင်ဒင် ဧရာဝတီကာကွယ်ရေး လုပ်ငန်းများမပြီးသေးကြောင်း၊ ပြည်ပရောက် မြန်မာကွန်မြူနီတီအသီးသီးက ဖိအားပေးခြင်း၊ ပညာပေးခြင်း၊ စည်းရုံးလှုံဆော်ခြင်းများ ဆက်လက်လုပ်ကိုင်ကြဖို့အကြောင်း၊ ပြည်တွင်းက နယ်ပယ်အသီးသီးကို ထောက်ခံအားပေးသွားကြဖို့လိုကြောင်း ပြောကြားသွားပါတယ်။
 ကချင်ကွန်မြူနီတီက လူငယ်ကိုယ်စား ကိုအယ်လ်နော်ဆန်းက ဧရာဝတီမြစ်ရိုးတလျောက် မှီတင်းနေထိုင်ကြသူ မြန်မာတိုင်းရင်းသားဒေသအသီးသီးက ဧရာဝတီမြစ်အရေးကို ၀ိုင်းဝန်းကြတဲ့အတွက် မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့နိုင်ခဲ့သလို ဆက်လက်ပြီးတော့လည်း တိုင်းရင်းသားများ မိသားစုများ နေ့စဉ်ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြပ်အတည်းများကိုလည်း ဆက်လက်ပြီး ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ဖြင့် လက်တွဲရင်ဆိုင်ကြဖို့ ပြောဆိုသွားပါတယ်။
လူငယ်များ၊ ကျောင်းသူ ကျောင်းသားများ၊ မြန်မာပြည်အရေး၊ အာရှအရေး၊ တရုတ်ပြည်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး စိတ်ဝင်စားသူများ နားထောင်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။ နောက်ဆက်တွဲအပိုင်းများကို  နေ့စဉ် ဆက်လက်တင်ဆက်ပါမယ်။

Tuesday, November 22, 2011

Save Irrawaddy SF - Community Forum Part 2


Save Irrawaddy SF ရဲ့ ဧရာဝတီချစ်သူများဆွေးနွေးပွဲ ရုပ်သံမှတ်တမ်း ဒုတိယပိုင်းထွက်
မိုးမခ၊ နိုဝင်ဘာ ၂၃၊ ၂၀၁၁ (Save Irrawaddy SF Video Team)
နိုဝင်ဘာ ၁၉၊ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ စင်ထရယ်ဗီးလ်ကွန်မြူနီတီစင်တာမှာ ကျင်းပတဲ့ မြန်မာပြည်ရဲ့ ဧရာဝတီချစ်သူများဟောပြောပွဲနဲ့ ဆွေးနွေးပွဲက ရုပ်သံမှတ်တမ်းဒုတိယပိုင်းကို Save Irrawaddy SF လုပ်အားပေးများက အများပြည်သူတို့ ကြည့်နိုင်ဖို့ ဝေမျှလိုက်ပါတယ်။
ဒုတယပိုင်းမှာ ဟောပြောသူက ယူစီဘာကလေမှာ ပါရဂူဘွဲ့စာတမ်းပြုစုနေသူ သတင်းစာဆရာ ကိုမင်းဇင် ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ တရုတ်ပြည်ဆက်ဆံရေး နယ်ပယ်အသီးသီးဖြစ်တဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာနဲ့ လူတန်းစားအလွှာအဆင့်ဆင့်ရဲ့ အနေအထားတွေကို ရှင်းပြပါတယ်။ ဧရာဝတီလှုပ်ရှားမှုကဲ့သို့ မြန်မာပြည်သားတွေ စုစည်းညီညွတ်တဲ့ လူတန်းစားပေါင်းစုံတဲ့ လှုပ်ရှားမှုမျိုးနဲ့ ဥာဏ်၊ ပညာ၊ သိက္ခာနဲ့ ချီတက်ကြဖို့ကို တိုက်တွန်းသွားပါတယ်။
လူငယ်များ၊ ကျောင်းသူ ကျောင်းသားများ၊ မြန်မာပြည်အရေး၊ အာရှအရေး၊ တရုတ်ပြည်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး စိတ်ဝင်စားသူများ နားထောင်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။  သူရဲ့ ပါဝါပွိုင့်ဆလိုက်များကိုလည်းကိုးကားနိုင်အောင်  မေတ္တာရပ်ခံပေးပါ့မယ်။ နောက်ဆက်တွဲအပိုင်းများကို  နေ့စဉ် ဆက်လက်တင်ဆက်ပါမယ်။

Sunday, November 20, 2011

Save Irrawaddy SF - Community Forum News



ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာပြည်ရဲ့ဧရာဝတီချစ်သူများ ဆွေးနွေးပွဲ ကျင်းပ
မိုးမခဓာတ်ပုံသတင်း၊ (Photos – Save Irrawaddy SF)
နိုဝင်ဘာ ၂၀၊ ၂၀၁၁
ယမန်နေ့က ဆန်ဖရန်စစ္စကိုဘေးဧရိယာက မြန်မာကွန်မြူနီတီရဲ့ဧရာဝတီချစ်သူများ ဟောပြောပွဲနဲ့ ဆေးနွေးပွဲကျင်းပခဲ့ပါတယ်။ ဖရီးမောင့်မြို့ရဲ့ မြန်မာများစုဝေးရာ Centerville Community Center မှာ ဧည့်ပရိသတ် ၁၀၀ ခန့် တက်ရောက်တဲ့ပွဲဖြစ်ပါတယ်။ 





 ပွဲရဲ့ ပထမအဖွင့်မှာ ဆန်ဖရန်ကွန်မြူနီတီ မြန်မာမိသားစုများထဲက ဂီတချစ်သူ ကိုမျိုးညွန့်နဲ့ မိတ်ဆွေများက အဆိုတော်ခင်ဝမ်းရဲ့ “ဧရာဝတီ” သီချင်းကို သီဆိုပြီး ဖွင့်လှစ်လိုက်ပါတယ်။ 
Save Irrawaddy SF လှုပ်ရှားမှုရဲ့ ဖြစ်တည်ပေါ်ပေါက်လာမှုကို အဖွဲ့ကိုယ်စား ဦးမြတ်ထူးက မိတ်ဆက်ရှင်းလင်းပါတယ်။
အခမ်းအနားမှူးအဖြစ် ကိုဂျေစင်က ဆောင်ရွက်ပါတယ်။ ဆွေးနွေးပွဲမော်ဒရိတ်တာများအဖြစ် ကိုညွန့်သန်းနဲ့ မောင်ရစ်က ဆောင်ရွက်ပါတယ်။







ဟောပြောသူများအနက် International River Network က Grace Mang က တရုတ်ပြည်၏ ဆည်စီမံကိန်းဆိုင်ရာရင်းနှီးမြုပ်နှံမှုများနဲ့ မြန်မာပြည်အကြောင်းကို တင်ပြပါတယ်။ 
UC Berkeley မှာ ပါရဂူဘွဲ့ စာတမ်းတင်နေသူ သတင်းစာဆရာကိုမင်းဇင်က တရုတ်ပြည်နဲ့ မြန်မာဆက်ဆံရေးကို ထုတ်ဖော်ရှင်းလင်းပြပြီး မြန်မာပြည်ပြန်လည်တည်ဆောက်ရေးအတွက် မြန်မာနိုင်ငံသားတွေရဲ့ အရေးပါတဲ့အခမ်းကဏ္ဍကို ယခုလက်ရှိ အားလုံးတယောက်တလက်ပါဝင်ကြတဲ့ ဧရာဝတီလှုပ်ရှားမှုကြီးနဲ့ နှိုင်းယှဉ်ပြီး ပြောသွားပါတယ်။





 


ဆက်လက်ဟောပြောသူ US Campaign for Burma က ဒါရိုက်တာ ကိုအောင်ဒင် ဧရာဝတီကာကွယ်ရေး လုပ်ငန်းများမပြီးသေးကြောင်း၊ ပြည်ပရောက် မြန်မာကွန်မြူနီတီအသီးသီးက ဖိအားပေးခြင်း၊ ပညာပေးခြင်း၊ စည်းရုံးလှုံဆော်ခြင်းများ ဆက်လက်လုပ်ကိုင်ကြဖို့အကြောင်း၊ ပြည်တွင်းက နယ်ပယ်အသီးသီးကို ထောက်ခံအားပေးသွားကြဖို့လိုကြောင်း ပြောကြားသွားပါတယ်။




 နောက်ဆုံးဟောပြောသူ ကချင်ကွန်မြူနီတီက လူငယ်ကိုယ်စား ကိုအယ်လ်နော်ဆန်းက ဧရာဝတီမြစ်ရိုးတလျောက် မှီတင်းနေထိုင်ကြသူ မြန်မာတိုင်းရင်းသားဒေသအသီးသီးက ဧရာဝတီမြစ်အရေးကို ၀ိုင်းဝန်းကြတဲ့အတွက် မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့နိုင်ခဲ့သလို ဆက်လက်ပြီးတော့လည်း တိုင်းရင်းသားများ မိသားစုများ နေ့စဉ်ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြပ်အတည်းများကိုလည်း ဆက်လက်ပြီး ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ဖြင့် လက်တွဲရင်ဆိုင်ကြဖို့ ပြောဆိုသွားပါတယ်။
 ယခုကဲ့သို့ မြန်မာပြည်ရဲ့ဧရာဝတီချစ်သူများဆွေးနွေးပွဲဖြစ်မြောက်အောင် မြန်မာကွန်မြူနီတီရဲ့ မိသားစုများရဲ့ တယောက်တလက်ဝိုင်းဝန်းကြတဲ့ လှုပ်ရှားမှုဖြစ်တဲ့ Save Irrawaddy SF Movement ကိုယ်စား လုပ်အားပေးများ၊ စေတနာရှင်များက ပြန်လည်ပြောကြားရမှာ မြန်မာပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ဧရာဝတီအရေးကိစ္စများကို မိမိတို့က အများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ ဆက်လက်ပြီး လှုံဆော်မှုများ၊ စည်းရုံးမှုများ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ မေးခွန်များ အကြံဥာဏ်များကိုလည်း ကြိုဆိုကြောင်း၊ ယခုဆွေးနွေးပွဲကိုလည်း အများပြည်သူ ကြည့်ရှုနိုင်အောင် ဖြန့်ချိမယ်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။ 




 (http://saveirrawaddysf.blogspot.com
http://www.facebook.com/#!/media/set/?set=a.10150381203659315.358912.734169314&type=3
https://picasaweb.google.com/103316694197558231447/SaveIrrawaddyNov192011?authkey=Gv1sRgCJX6ieXqrcyz0wE&feat=email#
(Photo , Video – Ko Zaw Phan, Ko Kyaw Naing, Ko Nyein Chan, Save Irrawaddy SF)

Friday, November 18, 2011

19th Nov Community Forum - Free Booklet

Booklet-19th November 2012

Thursday, November 17, 2011

Program Handout # 3

The Myitsone Dam: A Cause for Unity or an Uprising in the Making?

By MIN ZIN Wednesday, September 21, 2011


Whenever two existential threats—economic deprivation and violation of dignity—merge and hurt  society, the people of Burma revolt. Thus the construction of a massive hydro-power dam at Myitsone, where the Maykha and Malikha rivers meet to become the mighty Irrawaddy, mainly to serve China’s energy needs, has spawned a “Save the Irrawaddy” campaign that has become an unprecedented rallying ground for the people of Burma to take contentious action against a new regime.

Statement from Save Irrawaddy (San Francisco Bay Area) Campaign Committee # 1




Date: 30th October 2011
On behalf of the San Francisco Bay Area Burmese community and American friends who cherish peace and nature, we the volunteers of Save Irrawaddy Campaign Committee members have issued the following statement.
In collaboration with Chinese government, the Burmese government has started the construction of a massive dam and hydroelectricity project, the size of greater New York City, in northern Burma at the upstream Myitsone area in Kachin State. This project will affect not only the millions of people whose livelihood depends on the Irrawaddy River, it will also have an unimaginable devastating effect on flora and fauna that thrives along the Irrawaddy River as well as Burma’s ecosystem, it’s invaluable rain forest and wild life. The environmentalists and the concerned people of Burma are now voicing their grievances and discontentment regarding this project.
On September 30, 2011, the President of Burmese government U Thein Sein announced the suspension of the Myisone Dam project.  However, his announcement will suspend this project only temporarily until the end of his current term at the end of 2015. We are therefore, hereby, demand the President of Burma to announce the permanent cancellation of the entire Myitsone Dam Project immediately.
We, who love the Irrawaddy and Burma, support Daw Aung San Suu Kyi and the citizens inside Burma as well as academics, experts, scientists, artists, volunteers, activists and organizations who are the defenders of the Irrawaddy.  We do hereby announce that we will stand by hand-in-hand with all the above-mentioned people of Burma until this project is permanently annulled.
We will strive to maintain the sustainability of the environment in the entire Southeast Asia region by living in peace and harmony among our neighbors.  We will also fight to regain the human rights and dignity and to stop the atrocities inflicted upon our Kachin brothers and sisters who were forcefully displaced by this project. 
We urge all the people who love the Irrawaddy, peace and the environment to join our efforts in fighting to save the Irrawaddy and our motherland.
Please contact us at the following persons and addresses;
Kyaw Thura (lovemyn@gmail.com), Khin Thira Nandar Soe (khinthirinandarsoe@gmail.com), Nyi Nyi Than ( nyi1269than@gmail.com), Moe Kyaw (moethu7@gmail.com), Kyaw Win (babymoekyaw@yahoo.com)
            http://SaveIrrawaddySF.blogspot.com