Monday, November 28, 2011

Save Irrawaddy SF to join protest call for Stop Shwe Gas Movement


 ရွှေ့ဂက်စ်ပိုက်လိုင်းပရောဂျက်ကို ကန့်ကွက်ကြရေး Save Irrawaddy SF လည်းပါဝင်မည်
မိုးမခအထောက်တော် ၀၀၂၊ နိုဝင်ဘာ ၂၉ ၊ ၂၀၁၁
လာမယ့် နိုဝင်ဘာ ၃၀၊ ဗုဒ္ဓဟူးနေ့ မှာ နိုင်ငံတကာလှုပ်ရှားမှုအဖြစ် ရခိုင်ကမ်းရိုးတန်းကနေ  မြန်မာပြည်ရဲ့ခါးလယ်ကိုဖြတ်ပြီး တရုတ်ပြည်ဆီကိုသွယ်တန်းမယ့် ရွှေ့ဂက်စ်ပရိုဂျက်ကို ဆန့်ကျင်ကန့်ကွက်ကြရန် Shwe Gas Movement က လှုံဆော်ထားပါတယ်။ (http://www.shwe.org/ )
            ယခင်တပတ်ကတည်းက လန်ဒန်နဲ့ တိုကျိုမြို့မှာ မြန်မာကွန်မြူနီတီက တရုတ်သံရုံး၊ မြန်မာသံရုံးတွေရှေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတာကို တွေ့ရပါတယ်။
            ရွှေဂက်စ်လှုပ်ရှားမှုအကြောင်း ဗီအိုအေသတင်းမှာ ကြည့်ရှုပါ။
            လာမည့် နိုဝင်ဘာ ၃၀၊ မွန်းတည့်ချိန်တွင် ဆန်ဖရန်စစ္စကို၊ ဂျပန်တောင်းအနီး တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ မြန်မာကွန်မြူနီတီတို့ စုဝေးဆန္ဒပြကြရန် ဆန်ဖရန်မြန်မာ့အရေးလှုပ်ရှားသူများက လှုံဆော်လျက်ရှိပြီး၊ Save Irrawaddy SF Movement က မြန်မာတို့ကလည်း ပါဝင်ဆန္ဒပြကန့်ကွက်ကြမည် ဖြစ်တယ်လို့ ဆိုပါတယ်။ (http://saveirrawaddysf.blogspot.com )
            တရုတ်ပြည်အစိုးရနဲ့ အာဏာပိုင်များ၊ လုပ်ငန်းရှင်များဟာ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး နဲ့ အထွေထွေလူမှုဘ၀မှာ လက်ဝါးကြီးအုပ် တဖက်သတ်အမြတ်ထုတ်နေတယ်၊ မြန်မာပြည်သူလူထုနဲ့ သဘာဝပတ်ဝန်းကျင်မှာ အကာအကွယ်နဲ့ စောင့်ရှောက်မှုကင်းမဲ့နေတယ်လို့ မြန်မာ့အရေးလှုပ်ရှားသူများက ဝေဖန်လျက်ရှိပါတယ်။ တရုတ်အစိုးရဲ့ စီမံကိန်းတခုဖြစ်တဲ့ မြစ်ဆုံရေကာတာလုပ်ငန်းကို ဒေါ်အောင်ဆန်းစကြည်အပါအ၀င် မြန်မာတမျိုးသားလုံးက ကန့်ကွက်ခဲ့ကြတာကြောင့် လက်ရှိမြန်မာအစိုးရက စက်တင်ဘာ ၃၀မှာ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းကို ခေတ္တရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

No comments:

Post a Comment