Monday, November 7, 2011

Save the Date - 19th Nov 2011 - Save Irrawaddy Forum Event

19th November 2011, Saturday
မြန်မာပြည်ရဲ့ ဧရာဝတီချစ်သူများဆွေးနွေးပွဲသို့ ဖိတ်ကြားလိုက်ပါတယ်
Save Irrawaddy SF Campaign Committee က လှိုက်လှဲစွာ ကြိုဆိုပါတယ်

 လာမယ့် နိုဝင်ဘာ ၁၉၊ စနေနေ့၊ ဖရီးမောင့်မြို့ Centreville Community Center  (3355 Country Drive, Fremont, CA 94536 ) မှာနေ့လယ် ၂ နာရီက ၅ နာရီအထိ ကျင်းပမယ့် ဆွေးနွေးပွဲကို စိတ်ဝင်စားသူများအာလုံး တက်ရောက်ကြပါရန်
ညနေ ၂ နာရီ မှ ၂း၃၀ နာရီအထိ လဘက်ရည်၊ မုန့်မျိုးစုံနဲ့ ဧည့်ခံပါမယ်၊ ညနေ ၂း၃၀ နာရီက ၅ နာရီအထိ ဟောပြောပွဲ၊ ဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။
 ဧည့်သည်တော်များအဖြစ်
  • ဆန်ဖရန်အခြေစိုက် International River Network က Grace Mang - "Assessment on China's Project in Burma"
  • ဘာကလေးတက္ကသိုလ်မှာ ပါရဂူဘွဲ့ဆည်းပူးနေသူ သတင်းစာဆရာ ကိုမင်းဇင် - "တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ဧရာဝတီကယ်တင်ရေးလှုပ်ရှားမှု" 
  •  ၀ါရှင်တန်ဒီစီက မြန်မာအရေးလှုပ်ရှားသူ ကိုအောင်ဒင် - "ဧရာဝတီတော်လှန်ရေး မပြီးသေးပါ"
  • ကချင်တိုင်းရင်းသားကွန်မြူနီတီလူငယ်ကိုယ်စားလှယ် L နော်ဆန်း - “ဧရာဝတီကပြောတဲ့ ပြည်ထောင်စု”
အပါအ၀င် ဧရာဝတီအရေး စိတ်ဝင်စားသူ ပညာရှင်များ၊ ကွန်မြူနီတီ ခေါင်းဆောင်များနဲ့ စုံလင်စွာ ကျင်းပပါမယ်။
 ဆက်သွယ်ရန် - ကိုကျော်သူရ 415-420-1504, မခင်သီရိနန္ဒာစိုး (khinthirinandarsoe@yahoo.com), ကိုညီညီသန်း (510-552-9767), ကိုမိုးကျော် (650-834-0184), ကိုကျော်ဝင်း (babymoekyaw@yahoo.com)
ဧရာဝတီချစ်သူများဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကူညီကြသူ အလှူရှင်အမည်များ

ကုသလကာရီကျောင်းထိုင်ဆရာတော် ဦးကောသံလ၊ ဆရာတော် ဦးနေမိန္ဒာဘိဝံသ၊
မနွေဦး (အစားအသောက်အလှူရှင်)၊ ကိုကိုလေး (Ko Ko Photo)၊ ကချင်တိုင်းရင်းသားမိသားစုများ (ကချင်ရိုးရာစားစရာ)၊ ဒေါ်ကြင်ကြင်စိန် (ဖရီးမောင့်၊ ရှမ်းခါက်ဆွဲ)၊ မဂျက်နီဖာ (ဒိုးနတ်မုန့်မျိုးစုံ)၊ ကိုစိုးပိုင်၊ စနှောင်လတ်၊ သမီး ကူကူစိုးနှင့် သမီး ချန်နစိုး မိသားစု။ ဦးမြတ်ထူး မိသားစု။ ကိုအီတိုး (စတိတ်ခုံ)။ ခိုင်မိုးထွဋ်နဲ့ သူငယ်ချင်းများ။

သုံးရောင်ခြယ်လူငယ်အဖွဲ့ (USA), လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (USA Branch)။ မြန်မာအမေရိကန်ဒီမိုကရေစီမဟာမိတ် (BADA) အဖွဲ့။ နွေဦးဒိုးပတ်အဖွဲ့ (သောက်ရေသန့်အလှူ)။ Save Irrawaddy SF Campaign Committee Volunteers
(စာရင်းများ ဆက်လက်ကောက်ခံပြီး တင်ပြလျက်ရှိပါတယ်)

… … … … … …
စက်တင်ဘာ ၃၀ နေ့မှာ မြန်မာအစိုးရရဲ့ ခေါင်းဆောင် သမ္မတ ဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံစီမံကိန်းကို လက်ရှိအချိန်မှာ ခေတ္တရပ်ဆိုင်းကြောင်းသာ ထုတ်ပြန်ခဲ့ပြီး ထိုစီမံကိန်းကို တရားဝင်လုံးဝ ရပ်ဆိုင်းခြင်း မရှိသေးပါဘူး။ သို့ဖြစ်ပါ၍ မြန်မာအစိုးရ၏ သမ္မတကြီး ဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံစီမံကိန်းလုပ်ငန်းကိစ္စအ၀၀ကို လုံးဝ ရပ်ဆိုင်းကြောင်း၊ ဖျက်သိမ်းကြောင်း တရားဝင် တိကျရှင်းလင်းစွာ ထုတ်ပြန်ပေးပါရန် မိမိတို့က တောင်းဆိုအပ်ပါတယ်။
သို့ဖြစ်ပါ၍ ကျနော်တို့ ဧရာဝတီနှင့် မြန်မာပြည်ချစ်မြတ်နိုးသူများအနေဖြင့် ဧရာဝတီမြစ်ကြီးကို ကာကွယ်ရေး ဆောင်ရွက်နေတဲ့ မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာပြည်တွင်းက စေတနာ့ဝန်ထမ်း ပညာရှင်များ၊ စေတနာရှင် လုပ်အားပေးများ၊ အစုအဖွဲ့များ၊ အနုပညာရှုင်များရဲ့ ဆောင်ရွက်ချက်များကို ကူညီပံပိုး ထောက်ခံ အားပေးတဲ့ လှုပ်ရှားမှုများ၊ မိမိတို့ ဒေသအလိုက် လှုံဆော် စည်းရုံးမှုများ တတ်စွမ်းသမျှ လက်တွဲ လုပ်ကိုင်ကြမယ် ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။
... ... ...

No comments:

Post a Comment